Sunday, February 3, 2013

Wireeless စနစ်ဖြင့်အားသွင်းနိုင်မည့် Gigastone Wireless Portable


Wireless စနစ်ဖြင့် အားသွင်းနိုင်မည့် Gigastone wireless portable drive

သူရနောင်ဘလော့ဆိုင်သို့  အလည်ရောက်ရှိလာ သော သူ များ မန်ဘာဝင်ပေးကြပါရန် .....
Photo

မိုဘိုင်းဖုန်းတွေ၊ Tablets PC၊ Notebook နဲ့ တခြား wireless စနစ် ပါဝင်တဲ့ ပစ္စည်းတွေကို wireless စနစ်နဲ့ အားပြန်သွင်းပေးနိုင်တဲ့ Gigastone အမှတ်တံဆိပ်  Smart Box ကို ပြည်တွင်းဈေးကွက်မှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ 2500 mA ရှိတဲ့ Li-ion ဘက်ထရီ ထည့်သွင်းထားပြီး Hi-speed WiFi စနစ် အသုံးပြုထားတဲ့အတွက် မိုဘိုင်းဖုန်းတွေကို တစ်နာရီအတွင်း 1000 mA အထိ အားပြန်သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ WiFi standard 802.11 b/g/n အထိ ထောက်ပံ့ပေးပါတယ်။ USB, SDHC ကတ်ပေါက် ပါဝင်ပြီး 32GB အထိ ထည့်သွင်းကာ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ဓာတ်ပုံ၊ ဗီဒီယို၊ သီချင်းနဲ့ အချက်အလက်တွေကို သိုလှောင်ထားနိုင်မှာ ဖြစ်သလို တခြားသူများနှင့်လည်း မျှဝေသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ မျှဝေသုံးစွဲခြင်းကို တစ်ပြိုင်နက် ခြောက်ဦးထိ အသုံးပြုနိုင်မှာဖြစ်ပြီး ဗီဒီယို play-back  စနစ် အထောက်အပံ့ ပါဝင်ပါတယ်။ Wireless အကွာအဝေးကို ၁၀ မီတာကွာခန့်ကနေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန် ၇၅ ဂရမ်သာ ရှိတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ သွားလေရာ သယ်ဆောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Android OS နှင့် Apple iOS နှစ်မျိုးစလုံးကို ထောက်ပံ့ပေးထားပြီး Mac OSX, Windows 7/Vista, Linux စတဲ့ System အားလုံးနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုချင်တယ် ဆိုရင်တော့ ဖုန်း ၃၈၀၅၃၆ နှင့် ၀၉-၈၆၂၂၇၄၄ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူအသုံးပြုနိုင်ပါတယ်။

ကိုးကား..Myanmarmobileapp

No comments:

Post a Comment